မြဝတီမြို့နယ်တွင် ရွေးကောက်ပွဲ၌ တာဝန်ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

မြဝတီ နိုဝင်ဘာ ၁၅

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီ အချိန်က  မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်  ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလင်းထွဋ်က  မြဝတီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်၍ မြို့နယ် အတွင်းရှိ မဲရုံများ လုံခြုံရေးအတွက် မြို့နယ် ရဲတပ်ဖွဲ့ ဝင်များနှင့် အထူးရဲတပ်ဖွဲ့ဝင်များအား တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အထူးရဲတပ်ဖွဲ့ဝင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ် အတွင်းရှိ မဲရုံ(၈၃)ရုံ၌ လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်(၈၄)ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်ပြု မှတ်တမ်းလွှာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်