မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာအမျိုးသမီးနေ့ကို ဂုဏ်ပြုသောအားဖြင့် စာဖတ်ဝိုင်းကျင်းပ

မင်္ဂလာတောင်ညွန့် ဇူလိုင် ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ (Women Club) စာပေချစ်မြတ်နိုးသူများမှ ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ကလောင်စုံရေးသားသည့် “မြန်မာအမျိုးသမီးကြေးမုံ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက စာဖတ်ဝိုင်းများပြုလုပ်ခြင်းဖြင့် စာပေများဖတ်ချင်စိတ်ဖြစ်ပေါ်လာပြီး စာပေအပေါ်ချစ်မြတ်နိုးစိတ်များဖြစ်ပေါ်လာစေရန်နှင့် စာဖတ်သူအချင်းချင်း စာပေဗဟုသုတ ဖလှယ်ခြင်းဖြင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြော​ကြားခဲ့ပြီး (Women Club) အဖွဲ့၀င် ဒေါ်ဘေဘီက စာရေးဆရာမဒေါ်စောမုံညင်း ရေးသားသည့် "အမျိုးသမီးအာမာန်" နှင့် စာရေးဆရာမဒေါ်မြစိန်ရေးသားသည့် "ထူးခြားထင်ရှား မြန်မာအမျိုးသမီးများ" ခေါင်းစဉ်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများထဲမှ ဒေါ်နီနီမြင့်နှင့် မနန်းရွှေအိမ်တို့ကပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများအသိပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)