မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ကျပန်းနှင့်စာစီစာကုံးပြိုင်ပွဲကျင်းပ

ရေတာရှည် ဇူလိုင် ၃

၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက အသိပညာ​ပေး ဟောပြောပွဲ၊ ကျပန်းနှင့် စာစီစာကုံး ပြိုင်ပွဲကျင်းပသည်။

ရှေးဦးစွာ ရေတာရှည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငုဝါကျော်က အဖွင့်အမှာစကားပြောကြားပြီး ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့်အရေး မြှင့်တင်ဖော်ဆောင်မှုနှင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုများကို ဟောပြောသည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ရေတာရှည်မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၅) ဦး ယှဥ်ပြိုင်ကြပြီး စာစီစာကုံးပြိုင်ပွဲ၌ ပြိုင်ပွဲဝင် (၂၅) ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်