ကွမ်းခြံကုန်း နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား နှိုးဆော်အသိပေးခြင်းနှင့် နှာခေါင်းစည်း mask များ၊ မျက်နှာအကာ Face Shield များ အခမဲ့ ပေးဝေခြင်း ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ကိုယမန်နေ့ မနက် (၉) နာရီ မှစ၍ ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်းနှင့် မြို့လယ်ဗိုလ်ချုပ် လမ်းမကြီး ပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်မှုကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ဝန်ထမ်းများ ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူး ပေါင်း၍ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူ၊ ဈေးဝယ်လာသူများအား ကျန်းမာရေး နှင့် အား ကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော စည်းကမ်းချက် များ အားအလေးထား လိုက်နာ ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ခြင်း၊ ပါးစပ်၊နှာခေါင်းစည်း (mask) နှင့် မျက်နှာအကာ (Face Shield ) များအား အခမဲ့ ပေးဝေခြင်း ၊ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အလားတူ မြို့လယ်ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် သွားလာနေသော အများပြည်သူများ၊စက်ဘီး၊ ဆိုင်ကယ်၊အနှေးယာဉ်၊မော်တော်ယာဉ်များ ပေါ်တွင် စီးနင်းလိုက်ပါလာသူများအား အပြင်ထွက် တိုင်း နှာခေါင်းစည်း(mask)တပ်ဆင်ရန် အသိပညာပေး နှိုးဆော်ခြင်း၊ ပါးစပ်၊နှာခေါင်းစည်း (mask)နှင့် မျက်နှာအကာ (Face Shield) များ အခမဲ့ ပေးဝေခြင်း၊လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)