ကျောက်တံခါး နိုဝင်ဘာ ၁၆
ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်အထက(ကျောက်တံခါး)တွင်ယာယီဆေးခန်းဖွင့်လှစ်၍ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ကုသဆောင်ရွက် ပေးလျှက်ရှိရာ ယမန်နေ့ညနေ ပိုင်းကပိုးကင်းစင်၍ဆေးရုံမှဆင်းခွင့်ရရှိသူ (၇)ဦးဖဒို တိုက်နယ် ဆေးရုံမှပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၃) ဦး စုစုပေါင်း(၁၀) ဦးအားဆေးရုံဆင်းခွင့်ပြုခဲ့ပြီး နေရပ်အသီးသီးသို့ မော်တော်ယာဉ် များဖြင့်ပို့ဆောင်ပေးခဲ့သည်။
အထက(ကျောက်တံခါး)ဆေးကုရေးစင်တာမှ ပိုးကင်းစင်၍ဆေးရုံမှဆင်းခွင့်ရရှိသူ (၇) ဦး အားမြို့နယ် လက်ထောက် ဆရာဝန် ဒေါက်တာ ထူးညီညီမှယခု ဖြစ်ပွားနေသော ကိုဗစ်-၁၉အခြေအနေနှင့်ပတ်သက်၍လည်ကောင်း၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာ ပေါင်း (၁၈၂)ကို ပဲခူးကလိဆေးရုံကြီးနှင့်မြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံများတွင် ပိုးတွေ့လူနာ များအား ဆေးကုသ ဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၁၇၃) ဦးအထိရှိပြီဖြစ်ကြောင်း၊ လက်ရှိတွင် ဆေးကုသမှုခံယူနေသူမှာ (၉) ဦးသာကျန်ရှိကြောင်း၊ ယခုဆေးရုံဆင်းသူများသည် နေအိမ်တွင်(၇)ရက် စောင့်ကြည့်နေထိုင်သွား ရမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါမဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ အတိုင်း ပြည်သူများ မှလည်း အလေးထားလိုက်နာဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ပိုးကင်းစင်သူလူငယ် တစ်ဦးမှကျေးဇူးတင် စကားပြောကြားခဲ့သည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများ၊ အလှုရှင်များနှင့်ကျောက်တံခါးမြို့ကိုဗစ်-၁စရောဂါကာကွယ် ထိန်းချုပ်ရေး ပူးပေါင်းကော်မတီ အဖွဲ့များမှလှုဒါန်းသော အဟာရအားဖြည့် စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကို ပိုးကင်းစင်သူ (၇) ဦးအား အသီးသီးထောက်ပံ့ပေးအပ်ပြီး မော်တော်ယာဉ်များဖြင့်နေရပ်အသီးသီးသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
စန်းစန်း(ပြန်/ဆက်)