မြို့သစ်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မြို့သစ် ဇူလိုင် ၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community  Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ပြိုင်ပွဲမကျင်းပမီ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အသိပညာပေး အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၄)ဦးက “ယဥ်ကျေးလှပစွမ်းရည်ပြည့်ဝသည့် မြန်မာ့အမျိုးသမီးများ” ခေါင်းစဥ်ဖြင့်ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြသည်။

အဆိုပါ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲသို့မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်မျိုးသူနှင့်အဖွဲ့ဝင်များက တက်ရောက်ကြည့်ရှုအားပေးကာ ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)