ကိုကိုးကျွန်းမြို့နယ်တွင် Book-Club အသင်းဝင်များ စာဖတ်ဝိုင်းပြုလုပ်

ကိုကိုးကျွန်း ဇူလိုင် ၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community-Centre)ခန်းမတွင် ယနေ့နံနက်(၁၁)နာရီအချိန်တွင် စာပေချစ်မြတ်နိုးသူများနှင့် Book-Club အသင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ မိမိတို့ဌာနသည် အများပြည်သူများကို အသိပညာဗဟုတများရရှိစေရန်ဝန်ဆောင်မူများပေးနေသော ဌာနတစ်ခုဖြစ်ကြောင်း ထို့ကြောင့်ယခုလိုအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းများ၊ စာပေစကားဝိုင်းများ ဆွေနွေးပွဲများနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများကို လစဥ်ပုံမှန်ဆောင်ရွက်ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း ထို့ပြင်နိုင်ငံတော်၏ အထိမ်းအမှတ် နေ့ထူးနေမြတ်များတွင်လည်း သက်ဆိုင်ရာနေ့များအလိုက် အသိပညာပေးပြပွဲများ၊ ပြိုင်ပွဲများပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း ယခုလိုစာဖတ်ဝိုင်းများ ပြုလုပ်ရာသို့ အများပြည်သူများ စိတ်ပါဝင်စားပါဝင်လာ​စေရန် စာ​ပေချစ်မြတ်နိုးသူအဖွဲ့မှလည်း ကူညီစည်ရုံးပေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စာရေးဆရာဒေါက်တာ နှင်းအေးခိုင်ရေးသားသော မြန်မာ့ဓလေ့၊ မြန်မာ့ယဥ်ကျေးမူ၊ မြန်မာမူသုတပဒေသာစာအုပ်ပါ မြန်မာသတင်းစာသမိုင်းအစ၊ တိုင်းတပါးသားမျက်ဝန်းထဲက မြန်မာတော်ဝင်များ၊ ရှေးခေတ်မြန်မာနိုင်ငံမှ ကျွန်လူတန်းစားခေါင်းစဥ်များဖြင့် Book-Club အဖွဲ့ဝင် ဦးထိန်းလှမှ ဖတ်ရှုဆွေးနွေးပြီး ကျန်အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများမှ အဆိုပါစာအုပ်ပါ အခြားခေါင်းစဥ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုကိုးကျွန်း(ပြန်/ဆက်)