ခရမ်း နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ခရမ်းမြို့ နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဦးရေ များပြား လာသည့်အတွက် ရောဂါကူးစက်မှုကို ပိုမိုထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ယမန်နေ့နံနက် ၇ နာရီက ခရမ်းမြို့မဈေးအတွင်းဈေးရောင်း၊ ဈေးဝယ်သူ များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များအား လိုက် နာဆောင်ရွက် ရမည့် ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီဈေးအတွင်းသို့ နှာခေါင်းစည်း Mask များတပ်ဆင်၍ ရောင်းဝယ်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်မှုမရှိသူများအား ဈေးအတွင်းဝင်ရောက်ခွင့်မပြုဘဲ mask တပ်ဆင်ပြီးမှသာ ဈေးအတွင်းဝင်ရောက်ခွင့်ပြုပြီး ကျန်းမာရေးအသိပညာပေးခြင်းများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ကုသရေး အဖွဲ့ဝင်များ၊မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဌာနမှဝန်ထမ်းများ မြို့နယ်စည်ပင်သာယာ ရေး ဝန်ထမ်းများက ပြည်သူများအား mask တပ်ဆင်ရေးအသိပညာပေး၍ ဈေးအတွင်း ဈေးသည်/ဈေးဝယ်များအား mask များနှင့် Face Shield အခုရေ(၂၀၀၀)ခန့် အခမဲ့ဖြန့်ဝေ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ကိုမင်း (ခရမ်း)