ထန်ပါခွေ နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့ တောင်သူ ဦးငွန်၏ ကွင်းအမည် (ထန်ပါခွေပြင်)၊ ကွင်းအမှတ် (OSS)၊ ဦးပိုင်အမှတ်(၅၃)၌ ယနေ့ နံနက် (၉) နာရီအချိန်က မှော်ဘီ (၂) မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်သည်။
အဆိုပါ စံပြကွက်ရိတ်သိမ်းပွဲသို့ ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးဝေမင်းဦးနှင့် ဝန်ထမ်း များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများတက်ရောက်ခဲ့ပြီး နန်စလိန်ချောင်းအနီးရှ ိတောင်သူ ဦးငွန်၏ (၆.၆)ပေ ပတ်လည် မိုးစပါးစံကွက်ရိတ်သိမ်းရာ ကောက်ကွက်ပေါင်း (၁၀၀)၊ အနှံပါပင်ပွားပျှမ်းမျှ (၈) ပင်၊ တစ်နှံပါ ပျှမ်းမျှအောင်စေ့ (၈၇) စေ့ဖြင့် စံကွက် ရိတ်သိမ်းရာ စပါး အစို (၉၃.၆၅) တင်းထွက်ရှိကြောင်း သိရသည်။
၎င်းနောက် ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးဝေမင်းဦးက တစ်ဧကတင်း (၁၀၀) နှင့်အထက်ထွက်ရှိရန် ပင်ပွား (၁၀) ပင်နှင့် (၁၀) ပင်အထက်ထွက်ရှိရေးနှင့် ရေသွင်း၊ ရေခန်း စနစ်အကြောင်း အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟန်ထွန်း(အင်းဝ)