သုံးခွမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ၊ နှာခေါင်းစည်း Mask နှင့် Face Shield များ(အခမဲ့)ဖြန့်ဝေခြင်း ဆောင်ရွက်

သုံးခွ နိုဝင်ဘာ  ၁၆

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ၊သုံးခွမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ ဖြစ်သည့် မြို့မဈေး နှင့်ရှစ်မျက်နှာဘုရား ရှေ့တို့တွင် ယမန်နေ့နံနက်ပိုင်းအချိန်က ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ၊နှာခေါင်းစည်း Maskနှင့်Face Shieldများ(အခမဲ့)ဖြန့်ဝေ ခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး ဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်သာယာရေး ဌာန၊ကြက်ခြေနီ တပ်ဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက် သည်။

ထိုသို့ဆောင်ရွက်ရာတွင် လမ်းသွားလမ်းလာပြည်သူများ၊ ဈေးရောင်း/ဈေးဝယ် လာရောက် ကြသော ပြည်သူများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဝေငှပြီး မဖြစ်မနေ ဈေးဝယ်လာပါက တစ်ဦးတစ်ယောက်တည်း လာကြရန်၊ နှာခေါင်းစည်း Maskများကို မေးစေ့တွင်မချိတ်ဘဲ နှာခေါင်းနှင့် ပါးစပ်များတွင် စနစ်တကျတပ် ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာ ဈေးဝယ်ကြရန်၊ လက်များကို စက္ကန့် (၂၀)ကြာ အောင် စနစ်တကျဆေးကြောကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များကို တိတိကျကျလိုက်နာကြရန် အသိပညာပေး ဆောင်ရွက် ခဲ့သည်။

ထို့နောက် ဈေးများအတွင်း ဈေးဝယ်လာကြသည့် ပြည်သူများအား နှာခေါင်းစည်း Mask များ (အခမဲ့)ဝေငှပေးပြီး ဈေးရောင်းချနေကြသည့် ဈေးသည်ပြည်သူများအား Face Shield များ (အခမဲ့)ဝေငှခဲ့ကြောင်းသိရသည်။

စည်သူလင်း (ပြန်/ဆက်)