ပုဇွန်​တောင်မြို့နယ်အတွင်းဖွင့်လှစ်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်နေရာ များသို့ စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်း

ပုဇွန်တောင်   နိုဝင်ဘာ

ပုဇွန်တောင်မြို့နယ် အမှတ်()အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာ အထက်ကျောင်းများရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများသို့ အမှတ်(၉)ရပ်ကွက်မှ ဦးတိုးတက်က စားသောက်ဖွယ်ရာများအား မန်‌‌‌‌နေ‌ေ့ နံနက်၁၁နာရီအချိန်တွင် လာရောက် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ပုဇွန်တောင် မြို့နယ်တွင် ဖွင့်လှစ်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်နေရာများသို့  ထမင်းဘူးများ လာရောက်လှူဒါန်းခဲ့ရာ  မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်တို့က လက်ခံရယူခဲ့သည်။

ပုဇွန်တောင် မြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်တို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကော်မတီဝင် ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အသွားအလာကန့်သတ်စောင့်ကြည့်နေရာရှိ ပြည်သူများ၏ လိုအပ် ချက်များအား ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးမှ တာဝန်ရှိသူများကလည်း ကျန်းမာရေး စစ်ဆေး ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

နေခြည်(ပြန်/ဆက်)