ကျောက်တန်း နိုဝင်ဘာ ၁၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ (၃၈၁) ဦးရှိရာ ယာယီဆေးကုသရေးစင်တာ (ရွှေမှော်ဝန်းသာသနာ့ ဗိမာန်)တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်ပိုးတွေ့လူနာ(၁၁) ဦး ကျန်းမာရေးကောင်းမွန်လာပြီဖြစ်၍ ယမန်နေေ့ မွန်းလွဲပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ထိုသို့ဆေးရုံဆင်းခွင့်ရရှိသူများအား ကျောက်တန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မို့မို့ခိုင် က ကျန်းမာရေးဆိုင်ရာ အသိပညာများနှင့် မိမိတို့နေအိမ်သို့ရောက်သောအခါတွင်လည်း နေအိမ်တွင် Stay at Home (၇) ရက်ကြာနေထိုင်ရေး စည်းကမ်းချက်များဆွေးနွေးမှာကြားပြီး တာဝန်ရှိသူများက ဆေးရုံဆင်းလက်မှတ်များ ပေးအပ် ခဲ့ကြောင်း သိရသည်။
ထို့နောက် ဆေးရုံဆင်းခွင့်ရရှိ ကျား( ၅ ) ဦးနှင့် မ (၆ ) ဦး စုစုပေါင်း (၁၁) ဦးကို ကျောက်တန်းမြို့နယ်လုံး ဆိုင်ရာပရဟိတအဖွဲ့မှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများက ၎င်းတို့၏နေရပ်များအထိ လိုက်လံပို့ဆောင် ပေးခဲ့ ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် ယာယီဆေးကုသရေးစင်တာ (၁) ခု၊ စောင့်ကြည့်ရေးစခန်း (၁)ခုရှိပြီး လက်ရှိ အချိန်ထိ ပိုးတွေ့အတည်ပြုလူနာ ( ၃၈၈) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ( ၃၃၂ ) ဦး၊ ဆေးကုသမှုခံယူနေသူ ကျောက်တန်းမြို့ ယာယီကုသရေးစင်တာ်တွင်(၄၄)ဦး ၊ ရန်ကုန်မြို့ ဆေးကုသရေးစင်တာအသီးသီးတွင် (၆) ဦးနှင့် သေဆုံးသူ ( ၆) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)