ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ပေါက်ခေါင်း ဖေဖော်ဝါရီ ၂၃

ပေါက်ခေါင်းမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာပေဝါသနာရှင်များသည် စာရေးဆရာဖေမြင့် ရေးသားသည့် “ စဉ်းစားခြင်း” စာအုပ်ကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည့်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ် သည်။

အဆိုပါစာဖတ်ဝိုင်းတွင် Book Club အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက Book Club အဖွဲ့ စာဖတ်ဝိုင်းမှ ရရှိသော အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်ဖြူဖြူခိုင်  (စာရေးဆရာမ ခြူးနွယ်)၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ဥမ္မာကျော်၊ Book Club အဖွဲ့ဝင် များ၊ Youth Club အဖွဲ့ဝင်များနှင့် စာပေချစ်သူများမှ စာရေးဆရာဖေမြင့်၏ “စဉ်းစားခြင်း” စာအုပ်ပါ အကြောင်းအရာများနှင့် ပက်သက်၍ ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးခဲ့‌ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)