၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုက​ရေစီအထွေ ထွေရွေးကောက်ပွဲ၌ တာဝန်ထမ်းဆောင်ခဲ့သည့် အထူး ရဲတပ်ဖွဲ့ဝင်များ အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်

ဖာပွန် နိုဝင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ ၌ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သော အထူးရဲ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခြင်း အခမ်းအနားကို ယမန် နေ့နံနက်(၉)နာရီအချိန်က မြို့နယ်ရဲတပ် ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

 အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းအခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်းက ဖာပွန်မြို့၌ နိုဝင်ဘာလ (၈)ရက်​နေ့က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ခဲ့ပြီး မြို့နယ်အတွင်းရှိ မဲရုံများလုံခြုံရေးအတွက် အထူးရဲတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် အတွက် အထူးရဲတပ်ဖွဲ့ဝင်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဖာပွန်မြို့ရှိ မြို့​ပေါ် ရပ်ကွက် (၄)ရပ်ကွက် နှင့် ကျေးရွာအုပ်စု (၅)အုပ်စုရှိ မဲရုံ(၁၄)ရုံတွင် အထူး ရဲတပ်ဖွဲ့ဝင်အဖြစ် အောက်တိုဘာလ(၁)ရက်နေ့မှ နိုဝင်ဘာ လ(၁၅)ရက်နေ့အထိ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်(၂၅)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။

စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)