မင်းလှ၌ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများစတင်ထုတ်ချေး

မင်းလှ( အောက်) နိုဝင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၀ ပြည့်နှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေးများကို အမှတ်() ရပ်ကွက်၊မိဂဒါဝုန်ဘုရားတိုက်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ နိုဝင်ဘာ ၁၆ ရက် နံနက် ၁၀  နာရီချိန်ကစတင် ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။

ချေးငွေများထုတ်ချေးရာတွင် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်ရီရီချိုက ချေးငွေစည်းကမ်းချက်များ၊  အတိုးနူန်းချေးငွေ များ၊  နောက်ဆုံးပေး ဆပ်ရန်ကာလ၊  ချေးငွေများအား ဘဏ်ခွဲသို့ ကိုယ်တိုင်လာရောက်ထုတ်ယူပြီးကိုယ်တိုင်ပေးဆပ်ရန်၊ ချေးငွေများကို စိုက်ပျိုးစရိတ်ထုတ်လုပ်မူ၌သာ အကျိုးရှိစွာသုံးစွဲကြရန်ပြောကြားခဲ့သည်။

ထို့နောက်စိုက်ပျိုးစရိတ်အစောဆုံးပြေကျေသည့် သာယာကုန်းကျေး ရွာအုပ်စုအတွင်း တောင်သူ‌(၁၅၃) ဦး ဧကပေါင်း(၁၁၁၈) ဧကအတွက် တစ်ဧကလျင် တစ်သိန်းကျပ်နူန်းဖြင့် စုစုပေါင်းကျပ် (၁၁၁၈)သိန်းအား ထုတ်ချေးပေးခဲ့သည်။

မင်းလှမြို့နယ်တွင် ကျေးရွာအုပ်စု (၅၆)အုပ်စုမှ ဧကပေါင်း(၆၇၀၀၀) ဧကအတွက် ၂၀၂၀ ပြည့်နှစ် ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေပေါင်း ကျပ်(၆၇၀၀၀)သိန်းအား ဇန်နဝါရီလကုန်အထိ နောက်ဆုံးထားထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပေါက်စ မင်းလှ