လှိုင်းဘွဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

လှိုင်းဘွဲ    နိုဝင်ဘာ  ၁၆

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခင်စန်းမြင့်က သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးဒေါ်ခင်မို့မို့သွင်က ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ရည်ရွယ်ချက်(၂)ရပ်ကို ရှင်းလင်းခဲ့ရာ အတိဒုက္ခကြုံတွေ့ နေရတဲ့ ဒုက္ခသည် တွေကို လတ်တလောသက်သာချောင်ချိမှု ရရှိစေရေးအတွက် ထောက်ပံ့ပေးရန်၊ သဘာဝ ဘေးဒဏ်ကြောင့် လူ့အသက်အိုးအိမ် ပစ္စည်းများဆုံးရှုံးမှု လျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက်ရန် အချက်များဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဘေးအန္တရာယ်ကျရောက်ပါက ထောက်ပံ့ပေးပုံအဆင့်ဆင့်၊ သင်တန်းပေးခြင်း၊ အသိပညာ ပေးကွင်းဆင်းဟောပြောပွဲ ဆောင်ရွက်ခြင်း၊ သဘာဝဘေးကျရောက်ပါက ပြန်လည်ထူထောင်ရေးနှင့် ဌာန၏လုပ်ဆောင်ချက်များကို ဆက်လက်ဆွေးနွေးခဲ့သည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ၌ ဆွေးနွေး ဆောင်ရွက်သည့် အကြောင်းအရာများအား Online မှတစ်ဆင့် တင်ဆက်မှုများကို လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Page နှင့် IPRD Hlaingbwe Page တို့တွင် ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)