ဘားအံ ဖေဖော်ဝါရီ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်မြတ်နိုးသူများအသင်း (Book Club)နှင့် တို့ပူးပေါင်း၍ စာရေးဆရာတက်တိုးဘာသာပြန်ရေးထားသည့်အင်ဗရာဟင်လင်ကွန်းစာအုပ်အား ဒုတိယအကြိမ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်လွဲ(၁)နာရီက ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ကြသည်။
စာဖတ်ဝိုင်းတွင် ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်ထွန်းက ဦးတည်ဆွေးနွေးမည့် စာအုပ်၏ ရည်ရွယ်ရေးသားထားမှု များ အား ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ထို့နောက် သူနာပြုသင်တန်းကျောင်းမှ မဆန်းမူအေး ၊ မစုလဲ့နိုင်နှင့် ဆရာဦးသန်းအောင်တို့က စာရေးဆရာ တက်တိုးဘာသာပြန်ရေးထားတဲ့ အင်ဗရာဟင်လင်ကွန်းအကြောင်းကို ဦးဆောင်ဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာကြသော စာအုပ်စာစောင်မြတ်နိုးသူများအသင်း (Book Club)မှ လူငယ်များနှင့် စာပေဝါသနာရှင် လူငယ်များက မိမိရည်မှန်းချက်ကို ဇွဲကြီးကြီးဖြင့် မဖြစ်မနေ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အတုယူဖွယ် ရေးသားချက်များအား ပြန်လည် ပေါင်းစပ်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)