ရှမ်းရွာသစ် နိုဝင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများ သဘာဝဘေးန္တရာယ်နှင့် ပတ်သက်ပြီး အသိပညာဗဟုသုတရရှိစေရန်နှင့် သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် သဘာဝဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် သဘာဝဘေး အန္တရာယ် လက်ကမ်း စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လှိုင်းဘွဲမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများတို့က လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ လေပြင်းတိုက်ခတ်နေစဉ် သတိပြု လိုက်နာရန်အချက်များ၊ လေပြင်းတိုက်ခတ်နေစဉ် မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာခြင်း ဖြစ်ပေါ် ပါက သတိပြုလိုက်နာရန် အချက်များ စသည့်လေပြင်းဘေးနှင့် ပတ်သက်သော အသိပညာ ပေးလက်ကမ်းစာစောင်များနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း များကို လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများ၊ ဈေးဆိုင်များနှင့် လမ်းသွားလမ်းလာ ဒေသနေပြည်သူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)