ဘုရားသုံးဆူ နိုဝင်ဘာ ၁၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်၊ ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသော ဘုရင့်နောင်လမ်းမကြီး မြို့တွင်းလမ်းဆောင်ရွက်မှု ၅၀%ပြီးစီးကြောင်းသိရသည်။
အဆိုပါဆောင်ရွက်မှုများကို မာန်မြင့်ဟိန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် လမ်းအကျယ် ၂၄ ပေ၊ အမြင့် ၉ လက်မထုရှိပြီး ၂ မိုင် ၁ဖာလုံ ရှည်လျှားပါသည်။
အဆိုပါဆောင်ရွက်မှုများအား ဘုရားသုံးဆူမြို့ လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ (၁)ဦး ဖြိုးဝေကျော်က အနီးကပ် ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စောရဲဝင်းထွဋ်(ပြန်/ဆက်)