ကျောက်တံတား မြို့နယ်တွင်သား၊ငါးနှင့်မီးဖိုချောင်သုံးစားသောက်ကုန်များကိုရပ်ကွက်များ အရောက် Mobile Marketစျေးရောင်းယာဉ်များဖြင့် စတုတ္ထ အကြိမ်မြောက် လှည့်လည်ရောင်းချပေး

ကျောက်တံတား  နိုဝင်ဘာလ ၁၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတား မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့ ကြီးမှူး၍ ညီနောင် လုပ်ငန်းရှင်အသင်းများမှ လတ်ဆတ်သောသား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ပြည်သူများအလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယနေ့နံနက်ပိုင်း(၇)နာရီမှ (၁၀)နာရီထိ ရပ်ကွက်များအတွင်း သို့ ကားများဖြင့်လှည့်လည်ရောင်းချပေးခဲ့ကြောင်းသိရသည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်အတွင်းရှိအမှတ်(၁)၊(၂)၊(၃)(၄)၊(၅)ရပ်ကွက်များ(ပန်းဆိုတန်းလမ်းနှင့် ဆိပ်ကမ်းသာလမ်း)တွင် ကြက်သား​စျေးကား၊ ဆိတ်သား​စျေးကား၊အမဲသား​စျေးကား၊ငါး၊ပုဇွန်၊ပင်လယ်စာ​စျေး​ရာင်းကား၊ဆီကား၊ ကြက်ဥ၊ဘဲဥ၊ငုံးဥ​စျေးကား၊ ဟင်းသီးဟင်းရွက်​စျေး​ရောင်းကား စသည့်ဖြင့်စုစု​ပေါင်း ကား(၆) စီးဖြင့် မြို့နယ် အတွင်းရှိပြည်သူများ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး၊ စျေးနှုန်းသက်သာစွာဖြင့် သန့်ရှင်း လတ်ဆတ်သော သား၊ငါး၊စားသောက်ကုန်များအားဝယ် ယူရရှိနိုင်ရေး၊ မိမိတို့နေအိမ်အနီးမှာပင်ဝယ်ယူ ရရှိနိုင်ရေးရန်ရည်ရွယ်ကာ စီစဥ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။

ရွှေနန်းမေ