လိပ်သို နို၀င်ဘာ ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသအတွင်းရှိ ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှ (စတုတ္ထ) အကြိမ် ထောက်ပံ့သော ပုံမှန်၀င်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က ကျေးရွာ များအရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောဂျေအေ၀င်းမြင့် နှင့် ဌာနဆိုင်ရာများ လိုက်ပါလျက် လိပ်သိုဒေသအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများဖြစ်သော ငှက်ပျောတောကျေးရွာအုပ်စုအတွင်းရှိ ငှက်ပျောတော အထက်ကျေးရွာ အိမ်ထောင်စု (၇၅) စု၊ ကလေတကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ အိမ်ထောင်စု (၄၂၄) စု၊ ဒါရိုးကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု (၂၂၆) စု၊ ကလေခိုကျေးရွာ အုပ်စုအတွင်းရှိ အိမ်ထောင်စု (၃၇၅) စု၊ ကဆောပလိုကျေးရွာ အုပ်စု အတွင်းရှိ အိမ်ထောင်စု (၂၁၀) စုတို့ကို တစ်အိမ်ထောင်စုလျှင် ကျပ် (၂၀၀၀ဝိ/_) နှုန်းဖြင့် ပြည်သူများ လက်၀ယ် အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)