လိပ်သိုမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ တာ၀န်ထမ်း ဆောင်ခဲ့ သော အထူးရဲတပ်ဖွဲ့၀င်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

လိပ်သို  နို၀င်ဘာ ၁၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ လိပ်သိုမြို့ အမှတ် (၂) မဲဆန္ဒနယ်တွင် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာ ၈ ရက်နေ့တွင် ကျင်းပသည့်  ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင်  လုံခြုံရေး တာ၀န်ထမ်းဆောင် ခဲ့သော  အထူးရဲတပ်ဖွဲ့၀င်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ  ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက  လိပ်သိုနယ်မြေရဲစခန်းတွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရဲအုပ်အောင်ပြည့်စုံက လိပ်သိုနယ်မြေတွင်  ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်၍  လိပ်သို မြို့ အမှတ် (၂) မဲဆန္ဒ နယ်ရှိ  မဲရုံများတွင် လုံခြုံရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့၀င်များနှင့်အတူ  အထူးရဲတပ်ဖွဲ့၀င်များက  ပူးတွဲ၍  တာ၀န် ကျေပွန်စွာ ထမ်းဆောင်ခဲ့သောကြောင့်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ  အထူးရဲတပ်ဖွဲ့၀င်များအား  ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ရခြင်းဖြစ်ကြောင်း  ပြောကြား သည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့်  ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အမှတ် (၂) မဲဆန္ဒနယ်ရှိ မဲရုံ (၄၇) ရုံ ၌ လုံခြုံရေး တာ၀န်ထမ်းဆောင်ခဲ့သော  အထူးရဲတပ်ဖွဲ့၀င် (၄၇) ဦးအား လိပ်သို နယ်မြေစခန်းမှူး ရဲအုပ် အောင်ပြည့်စုံက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းလွှာများ အား ပေးအပ်ခဲ့ကြောင်း သိရပါ သည်။

 

နွယ်နွယ်ခိုင် (ပြန်/ဆက်)