ဘောဂလိမြို့ မဲတင်းတိမ်ကျေးရွာအုပ်စု၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူန်းစား အိမ်ထောင်စု များအတွက် စတုတ္ထအကြိမ်ထောက်ပံ့ငွေများပေးအပ်

ဘောဂလိ နိုဝင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့  မဲတင်းတိမ်ကျေးရွာအုပ်စုတွင်  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ   စားဝတ်နေရေး အဆင်ပြေစေရန် နိုင်ငံတော်အစိုရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေများ  ပေးအပ် ခြင်းကို ယမန်နေ့ နံနက်ပိုင်းက   ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မဲတင်းတိမ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်  တာဝန် ရှိသူများက တစ်အိမ်ထောင်လျှင် ကျပ်(၂၀၀၀၀)နှုန်းဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း  လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘောဂလိမြို့ မဲတင်းတိမ်ကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော  အခြေခံလူတန်းစား အိမ်ထောင်စု  (၁၈၄) စုရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)