လှည်းကူးမြို့နယ်အတွင်းရှိဈေး(၅)ဈေး၌ နှာခေါင်းစည်း(Mask)တပ်ဆင်ရေး Mask Campaign ဆောင်ရွက်

လှည်းကူး     နိုဝင်ဘာ  ၁၆

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ နေအိမ်ပြင်ပထွက်ခွာသွားလာသူတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင် ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို နိုဝင်ဘာ(၁၆)ရက် နံနက်(၇)နာရီခွဲက လှည်းကူးမြို့နယ် အတွင်း လူစည်ကားရာ နေရာများဖြစ်သော ဈေး(၅)ဈေးနေရာများတွင် အဖွဲ့များခွဲ၍ Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နှာခေါင်းစီး(Mask)များတပ်ဆင်နိုင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်း တို့ဦးဆောင်၍ Covid-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီဝင်များ၊ ဈေးကော်မတီဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ နှာခေါင်းစည်း(Mask) ၂၆၀၀ ခုနှင့် Face Shield(၂၄၂)ခုတို့အား လှည်းကူးမြို့နယ်အတွင်း လူစည်ကားရာနေရာဖြစ်သော လှည်းကူးမြို့မဈေး၊ သရက်ကုန်း ဈေး၊ ဖောင်ကြီးဈေး၊ မင်းကုန်းဈေး၊ ဒါးပိန်ဈေးစသည့် နေရာများ၌ ကိုဗစ်-၁၉ ကူးစက်ကာလအတွင်း နေအိမ်ပြင်ပထွက်ခွာသွားလာသူများအား နှာခေါင်းစည်း (Mask)များ တပ်ဆင်ပြီးမှ အပြင်ထွက်စေရန်နှင့် ဈေးသူဈေးသားများအား နှာခေါင်းစည်း (Mask)များတပ်ဆင်ပြီးမှ ဈေးအတွင်းသို့ဝင်ရောက်စေရန် အသိပညာပေး ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း(Mask) သိရသည်။

နိုင်လင်း(လှည်းကူး)