တံတားဦး နိုဝင်ဘာ ၁၆
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်သော ရေခါးကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ယနေ့နံနက်(၉)နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာအရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေးက မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများတွင် အရင်းမပျောက် မတည်ဆောင်ရွက်ပေးထားပါကြောင်း၊ ကျေးရွာသူ၊ ကျေးရွာသားများ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုဘဝ မြင့်မားရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ရေခါးကျေးရွာအနေဖြင့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ငွေကျပ် (၄၅၈၉၀၀၀) ဖြင့် ဆောင်ရွက်ထားရှိရာ စိုက်ပျိုးရေးလုပ်ကိုင်သူ(၁၃၁)ဦး ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၁၂၄) ဦး၊ အရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်သူ (၁၃၁)ဦးရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ရဲတင့် (တံတားဦး-ပြန်/ဆက်)