လဟယ် နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့ခဲ့ရာ အဆိုပါ ထောက်ပံ့ငွေများကို ယမန်နေ့က သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေး စာရေးများက အိမ်တိုင်ယာရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့မှုတွင် မြို့ပေါ်ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှ စတုတ္ထအကြိမ် ငွေသား ထောက်ပံ့ပေးခြင်းဖြစ်ပြီး တာလံရပ်ကွက်တွင် အခြေခံအိမ်ထောင်စု(၆၂)စု၊ မြို့မရပ်ကွက် တွင် (၁၃၁) စု၊ တိုးချဲ့-၁ ရပ်ကွက်တွင် (၆၄) စုနှင့် တိုးချဲ့-၂ရပ်ကွက်တွင် (၁၇၆)စု မြို့ပေါ် ရပ်ကွက်(၄)ခုရှိ အိမ်ထောင်စုပေါင်း (၄၃၃) စုအတွက် ထောက်ပံ့ငွေကျပ်-(၈၆၆၀၀၀၀)တိတိ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရှားဆက်(ပြန်/ဆက်)