ပန်းဘဲတန်း နိုဝင်ဘာ ၁၆
ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဈေးရောင်းကားများဖြင့် ယနေ့ နံနက်ပိုင်းက လာရောက် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ညီနောင်အသင်းတို့ ပူးပေါင်း၍ ပန်းဘဲတန်းမြို့နယ်အတွင်း နေထိုင်သော ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံး နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဈေးရောင်း ကားများဖြင့် ဟင်းသီးဟင်းရွက်၊ အသား၊ ငါးနှင့် အခြားစားသောက်ကုန်များ ရောင်းချပေးခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ သိရှိရသည်။
အဆိုပါ ဈေးရောင်းကားများဖြင့် လာရောက်ရောင်းချခြင်းသည် တတိယအကြိမ်ဖြစ်ပြီး၊ အနော်ရထာ လမ်း၊ (၃၁)လမ်း၊ ဗိုလ်ဆွန်ပက်လမ်းထိပ်တို့တွင် ရောင်းချပေးခဲ့ကြောင်း သိရှိရ ပြီး စနစ်တကျ ဈေးရောင်းချနိုင်ရေးအတွက် ပန်းဘဲတန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
နေခြည် (ပြန်/ဆက်)