ကျောက်ကြီးမြို့နယ်၌အထူးရဲတပ်ဖွဲ့ဝင်များအားရဲချုပ်၏ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

 ကျောက်ကြီး နိုဝင်ဘာ ၁၆

၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်များကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် အထူး ရဲတပ်ဖွဲ့ဝင်များအားမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ကျောက်ကြီး မြို့နယ်ပဲခူးရပ်ကွက်ရှိ အထက(ခွဲ)ပဲခူးရပ်စာသင်ကျောင်း၌ ယမန်နေ့နံနက်()နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။

ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးစောရှီးရှိုမှကျောက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး မြို့နယ်အတွင်းရှိ မဲရုံများ လုံခြုံရေးအတွက်အထူးရဲတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ကျောက်ကြီးမြို့နယ်တွင် ရပ်ကွက်()ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၄)အုပ်စုရှိ မဲရုံပေါင်း(၁၄၆)ရုံရှိရာနတ်သံ ကွင်းဒေသ၌ အထူးရဲ(၄၆)ဦး၊မုန်းဒေသ၌ အထူရဲ(၅၄)ဦး ကျောက်ကြီးမြို့၌ အထူးရဲ(၄၆)ဦးတို့အား အဆိုပါမဲရုံများ အတွက် အောက်တိုဘာ () ရက်နေ့ မှ နိုဝင်ဘာ(၁၅)ရက်နေ့ အထိ လုံခြုံရေးတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့ သည့်အထူးရဲတပ်ဖွဲ့ဝင် (၁၄၆) ဦး တို့အားမြို့နယ်ရဲတပ်ဖွဲ့မှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်းသိရသည်။

K ခိုင်ပြန်/ဆက်