နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ ဆင်းဧကရီ-၃ မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းအား ၆ ဒသမ ၆ ပေပတ်လည် စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်

နန်းယွန်း    နိုဝင်ဘာ      ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ ဆင်းဧကရီ-၃ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းအား ၆ ဒသမ ၆ပေ ပတ်လည် စံကွက်ရိတ်သိမ်းခြင်း နည်းလမ်းဖြင့် အတိုးနှုန်းတိုင်းတာခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီချိန်က တောင်သူ ဦးဇင်းဝါ စိုက်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်ရာတွင်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးမြင့်၊ လက်/ထောက်ဦးစီးမှူး ဦးသန်တိုနှင့် ဝန်ထမ်းများ၊  မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးထောင်ကျင်ထာ၊ လက်/ထောက်ဦးစီးမှူး ဦးကိုင်ကျွန်နှင့် ဝန်ထမ်းများ ပူးပေါင်းပြီး စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးထားသော တောင်သူ ဦးဇင်းဝါ၏ ဆင်းဧကရီ-၃ မိုးစပါးစိုက်ကွက်အား ၆ ဒသမ ၆ပေပတ်လည် စံကွက်အဖြစ် ရိတ်သိမ်းခဲ့ရာ  တစ်ဧကလျင် အစို(၁၂၄.၉၆)တင်းနှုန်းခန့် ထွက်ရှိကြောင်း  မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးထောင်ကျင်ထာထံမှ သိရသည်။

ဟန်ကမ်း(ပြန်/ဆက်)