ကောလင်းမြို့နယ်၌ စတုတ္ထအကြိမ်မြောက် စာပေဟောပြောပွဲ ကျင်းပ

ကောလင်း ဖေဖော်ဝါရီ   ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ညောင်ပင်သာအုပ်စု၊ သရက်ခုံကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌  ကိုရီးယားသာသနာပြုဆရာတော် အရှင်သုဝဏ္ဏပညာ​ရေးဖောင်ဒေးရှင်း ပညာသင်စရိတ်ထောက်ပံ့ငွေ ပေးအပ်ပွဲအထိမ်းအမှတ် စတုတ္ထအကြိမ်မြောက် စာပေဟောပြောပွဲကို ယမန်နေ့  ည ၆ နာရီအချိန်တွင် ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် စာပေပညာရှင်များဖြစ်သည့် ဆရာ​နေဝင်းမြင့်က “မေတ္တာမွန်” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ စာရေးဆရာ မောင်နိုင်လင်း (ကောလင်း) က“ကဗျာဥယျာဉ်” ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ကြပြီး စာပေဟောပြောပွဲသို့ သရက်ခုံကျေးရွာနှင့် အနီးတဝိုက်မှ ဒေသခံပြည်သူ စာပေဝါသနာရှင်များ တက်ရောက်ခဲ့​ကြကြောင်းသိသည်။

မြင့်ထွန်းမင်း( ပြန်/ဆက် )