ကောလင်းခရိုင်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် တစ်ဧက ၁၅၅ တင်းထွက်ရှိ

ကောလင်း နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်အတွင်းရှိ ဆင်းဧကရီ ၃ မိုးစပါးမျိုးစေ့ထုတ်ကွက်ကို ၆၆ ပေ နှင့်  ၆ပေ  စံကွက်ရိတ်သိမ်းရာ အစိုထွက် ၁၅၅ တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။

ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ CERP အစီအစဉ်ဖြင့် စိုက်ပျိုး ထားသော ရွာသာယာကျေးရွာအုပ်စု၊ တုံးဖလားကျေးရွာတောင်သူ ဦးအောင်ရွှေ၏ ဆင်းဧကရီ ၃ မိုးစပါး ၃ ဧက မျိုးစေ့ထုတ်ကွက်ကို ယမန်နေ့က   စံကွက်ရိတ်သိမ်းပွဲကို ကောလင်းခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းသိန်းနှင့်ဝန်ထမ်းများ၊ ပင်လည်ဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးနေဝင်းလှိုင်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူကြီးများ စုပေါင်း၍ စံကွက်ရိတ်သိမ်းခဲ့ရာ အစိုထွက် ၁၅၅ တင်းနှုန်း ထွက်ရှိကြောင်း ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြင်စန်းထံမှ သိရသည်။

ကောလင်းခရိုင်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါး မျိုးသန့် မျိုးစေ့ထုတ်ကွက် ဝန်းသိုမြို့နယ်တွင် ၂၅၀ ဧက၊ ပင်လည်ဘူးမြို့နယ်တွင် ၃၅၀ ဧက၊ ကောလင်းမြို့နယ်တွင် ၄၅၀ ဧက စုစုပေါင်း ၁၀၅၀ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)