စုကလိမြို့တွင် ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးအပ်

စုကလိ   နိုဝင်ဘာ    ၁၆

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်  နိုင်ငံတော်မှ စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ပေါ်ရပ်ကွက်နေ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအတွက် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြည်သူများ လက်ဝယ်အရောက်ပေး အပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် စုကလိမြို့အုပ်ချုပ်ရေးမှူး ဦးသူရိန်မင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့ပေါ် ရပ်ကွက်နေ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၃၅ စု  အတွက် တစ်အိမ်ထောင်စုလျှင် ကျပ် ၂ သောင်းနှုန်းဖြင့် စုစုပေါင်း ၇ သိန်းကျပ်ကို ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဇော်နိုင်လင်း(ပြန်/ဆက်)