မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းတွင် သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ စုပေါင်း​ဆောင်ရွက်

ရန်ကုန် နိုဝင်ဘာ ၁၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်()အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းအတွင်း၊ အပြင်သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များ ရှင်းလင်းခြင်းနှင့် ခြင်အန္တရာယ် ကင်းဝေးစေရေးလုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် We Love Mingalar Taung Nyunt တို့ ပူးပေါင်း ၍ ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အခြေခံပညာ ကျောင်းများအား ယာယီပိတ်ထားသည့်အတွက် အမှတ်()အခြေခံပညာအထက်တန်း ကျောင်းအတွင်း အမှိုက်များ ရှင်းလင်းပေးရန် လိုအပ်သဖြင့် ကျောင်းအတွင်း၊ အပြင်ရှိ အမှိုက်များအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများနှင့် We Love Mingalar Taung Nyunt ပရဟိတအဖွဲ့မှ အဖွဲ့ဝင်များ စုပေါင်းပြီး သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် ခြင်အန္တရာယ်မှ ကင်းဝေးစေရေးအတွက် ခြင်ဆေး မှုတ်ခြင်းလုပ်ငန်းများကိုပါ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်လှိုင်နှင့် We Love Mingalar Taung Nyunt အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)