ဖောင်းပြင် နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာတွင် စပါး၊ ပဲမျိုးစုံနှင့် အခြားဆီထွက်သီး နှံများကို အားပြုစိုက်ပျိုးကြရာ တောင်သူများအနေဖြင့် ယခင်နှစ်များက တစ်နှစ်လျှင်သီးနှံတစ်မျိုး တည်းကိုသာ စိုက်ပျိုးလာကြသော်လည်း ယခုအခါ နှစ်သီးစား စိုက်ပျိုးနိုင်ရန်အတွက် ထိုင်ဝမ်သကြား ပြောင်းကိုစိုက်ကြသူများပြားခဲ့ကြောင်း တောင်သူများ ထံမှ သိရသည်။
“နှစ်စဉ် ဆောင်းသီးနှံအဖြစ် ပဲယင်း၊ မြေထောက်ပဲ၊ ပုဂံပဲ၊ ပဲပုပ်၊ ပဲဇီးကွက်၊ ပဲစာလုံးနဲ့ မြေပဲကိုစိုက်ပျိုးကြ တာဖြစ်ပါတယ်။ စိုက်ပျိုးရာမှာတော့ အောက်တိုဘာလမှာ စပြီးစိုက်ကြကာ စက်တင်ဘာလတွင် စိုက်ပျိုး ပါက မိုးရွာသွန်းမှုများသည့်အတွက် အပင်သေခြင်းတို့ ဖြစ်ပေါ်ပါ တယ်။ ဒါကြောင့် စက်တင်ဘာလထဲမှာ စိုက်ပျိုးနိုင်တဲ့ ဒီထိုင်ဝမ်ပြောင်းကို ရွေးချယ် စိုက်ပျိုးကြခြင်းဖြစ်ပါတယ်။ ဒါမှသာလျင် မြေအစိုဓာတ်ကို ရရှိနိုင်တဲ့ နိုဝင်ဘာလနဲ့ ဒီဇင် ဘာလမှာ နောက်တစ်သီးပြန်စိုက်နိုင်မှာဖြစ်ပါတယ်။ အဓိကတော့ အစိုဓာတ် ရှိရင် နိုဝင်ဘာလမှ မတ်လအထိစိုက်ပျိုးနိုင်ပါတယ်လို့” တောင်သူတစ်ဦးက ပြောပြသည်။
အဆိုပါကျေးရွာသည် မြေနှိမ့်ပိုင်းဒေသဖြစ်ပြီး ချင်းတွင်းမြစ်ရေဝင်ရောက်ခြင်းကြောင့် နှစ်စဉ်တစ်နှစ်လျှင် သီးနှံကို တစ်ကြိမ်သာ စိုက်ပျိုးကြသော်လည်း ယခင်နှစ်က သီးထပ် စနစ် ဖြင့် နှမ်းကိုစမ်းသပ်စိုက် ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းခဲ့ကြောင်း၊ သို့သော် စိုက်ပျိုးရာသီ နောက်ကျသည့်အတွက် အောင်မြင်သင့် သလောက်မအောင်မြင်ပဲ အမြတ်ငွေနည်းခဲ့သည့် အတွက် ယခုနှစ်တွင် သီးထပ်ကို စောလျင်စွာစိုက်ပျိုး နိုင်ရန်နှင့် ဝင်ငွေအမြန်ရရှိနိုင်သည့် ထိုင်ဝမ်ပြောင်းကို စိုက်ပျိုးကြခြင်းဖြစ်သည်ဟု သိရသည်။
ကိုထွန်း(ဖောင်းပြင်)