မင်းကင်း နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူ တန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်မြောက် ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ဌာနဆိုင်ရာမှ ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ တာဝန်ရှိ သူများက ယမန်နေ့မှ စတင်၍ ပြည်သူတို့လက်ဝယ်အရောက် ပေးအပ်ထောက်ပံ့ခဲ့ကြသည်။
ထိုသို့ ပေးအပ်ထောက်ပံ့ရာတွင် မင်းကင်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၉၄၅၄)စုတို့အတွက် အိမ်ထောင်စု တစ်စုလျှင် (၂၀၀၀၀) ကျပ်နှုန်း ဖြင့် ပြည်သူတို့လက်ဝယ်အရောက် ပေးအပ်ထောက်ပံ့ခဲ့ကြပြီး ထောက်ပံ့ငွေ စုစုပေါင်း ကျပ်သန်း (၁၈၉ ဒသမ ၀၈)ကို နိုင်ငံတော် အစိုးရက စတုတ္ထအကြိမ်မြောက် ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။
လှငွေ(မင်းကင်း)