ရန်ကုန် နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ကော်မတီမှ ဦးဆောင်၍ နှာခေါင်းစည်း (၇၅၀) ၊ မျက်နှာကာဗာ (Face Shield) (၁၇၀)နှင့် အသိပညာပေး လက်ကမ်းစာစောင်(၂၂၅)စောင်တို့ကို ယမန်နေ့နံနက် ၉ နာရီအချိန်က မင်္ဂလာဒုံမြို့နယ်ရှိ ဈေးများတွင် အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်လင်း ၊ ဒုတိယချုပ်ရေးမှူး ဦးသန်းချစ်အေး ၊ မြို့နယ် စည်ပင် Eo ဦးသန်းဦး ၊ ကိုဗစ်-၁၉ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများက မင်္ဂလာဒုံဈေး ၊ ထောက်ကြန့် ရတနာဈေး ၊ ပတ္တမြားမြို့သစ်ဈေး ၊ ကုန်းတလပေါင် နွယ်နီဈေးတို့တွင် နှာခေါင်းစည်းများ ဝေငှခြင်း ဈေးရောင်း ဈေးဝယ်သူတို့ကို အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)