ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မဟာမြိုင် စျေးအတွင်း Mask နှင့် Face Shield Campaign ပြုလုပ်ခြင်းနှင့် ကျန်းမာရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ဒဂုံမြောက် နိုဝင်ဘာ  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အမှတ်(၄၁) တိုးချဲ့ရပ်ကွက်တွင် ဖွင့်လှစ်ထားသော မဟာမြိုင် စည်ပင်သာယာစျေးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူ ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရေး Mask Campaign ပြုလုပ်၍ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်၇နာရီက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုး၊ ကိုဗစ်-၁၉ ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာ ကော်မတီမှ တာဝန်ရှိသူများ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက စျေးအတွင်းရှိ ဈေးရောင်းချသူပြည်သူများနှင့် ဈေးဝယ်သူ ပြည်သူများ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန်၊ Face Shield များတပ်ဆင်ကြရန်၊  ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် အတွက် စျေးဝယ်လာပါက တစ်ဦးသာ ဈေးဝယ်ထွက်ရန်၊ နေ့စဉ်ဈေးသို့ မလာရောက်ဘဲ စားသောက်ကုန်များ ဝယ်ယူထားရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များအတိုင်း လိုက်နာကြရန် အသိပေး နှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (Mask) များ၊ Face Shield များ ဝေငှပေးခြင်းတို့ကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စည်ပင် သာယာရေးရုံးမှ တာဝန်ရှိသူများ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)