ဝေါမြို့ပေါ်တွင် ပိုးတွေ့လူနာ(၃)ဦးထပ်မံတွေ့ရှိပြီး ထိတွေ့ဆက်စပ်ခဲ့သူ(၃၆)တို့အား နှာခေါင်း နှင့် အာခေါင်တို့ဖတ် ဓါတ်ခွဲနမူနာရယူစစ်ဆေး

ဝေါ နိုဝင်ဘာ ၁၆

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ချမ်းမြသာစည်ရပ်ကွက်အသက်(၄၂)နှစ် အမျိုးသား တစ်ဦး၊ သစ်စက်ရပ်ကွက်ရှိ အသက်(၅၃)နှစ်အမျိုးသားတစ်ဦးနှင့်  မြန်မာ့စီးပွားရေးဘဏ်မှ ဘဏ်ဝန်ထမ်းအမျိုးသမီး အသက်(၃၀)နှစ် တစ်ဦးတို့တွင်  ၁၅-၁၁-၂၀၂၀ ရက်နေ့တွင် အနံ့ မရခြင်း (-ရက်)ဖြင့် ဝေါမြို့နယ်ဆေးရုံသို့ပြသရာ ၎င်းတို့အား COVID-19 Rapid Test Kit ဖြင့် စစ်ဆေးရာတွင် COVID-19 SARS CoV2-Positive တွေ့ရှိရသဖြင့်၁၅-၁၁-၂၀၂၀ရက်နေ့၊ ညနေ(၆) နာရီတွင် ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသစေပြီး ထိတွေ့သူများအား နိုဝင်ဘာလ (၁၆)ရက်နေ့နံနက်ပိုင်းက နှာခေါင်းနှင့်အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာများ ရယူကာ အမျိုးသား ကျန်းမာရေးဓါတ်ခွဲဌာနသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။  

ဘဏ်ဝန်ထမ်းနှင့် ထိတွေ့ခဲ့သူ မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်း(၁၄)ဦးအား ၁၆-၁၁-၂၀၂၀ ရက်နေ့မှစ၍ ယာယီ()ရက် (ရုံး Quarantine)ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)