လက်ပံတန်း နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၀ ပြည့်နှစ် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ဧက (၅၇၀၀) အတွက်ချေးငွေများကို ယနေ့နံနက်ပိုင်းမှ စတင်၍ တောင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ယနေ့တွင် အုတ်တွင်းကျေးရွာမှ တောင်သူ(၉၆)ဦး၏ ဆောင်းသီးနှံ စိုက်ပျိုးဧက (၆၉၁)ဧက အတွက် တစ်ဧကလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ကျပ်သိန်း(၆၉၁) ကို စတင်ထုတ်ချေးပေးမည် ဖြစ်ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာ(၅၃)အုပ်စုမှ တောင်သူ (၈၂၀၀)ဦး၏ စိုက်ဧက(၅၇၀၀) အတွက် ချေးငွေကျပ်သိန်း (၅၇၀၀၀)ကို နိုဝင်ဘာလမှ ၂၀၂၁ ဇန်နဝါရီလအထိ ထုတ်ချေးပေးသွားရန် လျာထား ဆောင်ရွက်ထားကြောင်း မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးတင်မောင်ဌေး ထံမှ သိရသည်။
ဝင့်နန္ဒာဌေး