လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

လိပ်သို    ဇူလိုင်  ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကျပန်း စကားပြောပြိုင်ပွဲကို အဆိုပါကျောင်းရှိ  သဇင်ဆောင်ခန်းမ၌ ယနေ့နံနက် ၉  နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ (တာဝန်ခံကျောင်းအုပ်ဆရာမ) ဒေါ်နော်ဒိုနီးရှာက အမှာစကားပြောကြားခဲ့ပြီး ဒေါ်နော်ခူဆိုး (အထက်တန်းပြဆရာမ)က အာဇာနည်နေ့သမိုင်းအကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများအကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၈) ဦးတို့က မိမိတို့ရွေးချယ်ထားသာ ခေါင်းစဉ်များဖြင့် အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် အဆိုပါ အခမ်းအနားသို့  Grade-5 ၊ Grade-6 ၊ Grade-7 ၊ Grade-8 ၊ Grade-9 မှ ကျောင်းသား/ကျောင်းသူ (၄၉၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)