ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

ဝေါ နိုဝင်ဘာ ၁၆

ဝေါမြို့နယ်တွင်  နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်သွားကြရန် အသိပညာပေး လှုပ်ရှားမှုကို ယနေ့ နံနက်၇နာရီက ဝေါမြို့ဘူတာလမ်းဆုံ၊ အရှေ့ဘက်ကမ်းမင်းလမ်းဆုံ၌  ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့နှင့် ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝေါမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အပြင် ထွက်သွားလာရာတွင် နှာခေါင်းစည်း(Mask) များ မဖြစ်မနေ တပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ  မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား စနစ်တကျ လိုက်နာကြရန်နှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန်အချက်များကို အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ ဆောင်ရွက်ခဲ့ပြီး (Mask) မရှိသူ များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်ဆက်)