စျေးကွက်အခြေအနေ ခန့်မှန်းမရသေးသော်လည်း ဖရဲစိုက်ပျိုးသူများပြား

ရေတာရှည် နိုဝင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်း မိုးစပါးများရိတ်သိမ်းပြီးချိန်၌ နွေစပါးစိုက်ပျိုးရေ မရရှိသည့် ဒေသများတွင် ဆောင်းသီးနှံဖြစ်သော ပဲအမျိုးမျိုးနှင့် ကိုဗစ်ကာလ စျေးကွက် အနေ အထား ခန့်မှန်းရခက်နေသော်လည်း ဖရဲစိုက်ပျိုးသူ အများအပြား ရှိနေသည်ကို တွေ့ရှိရသည်။

ဖရဲစိုက်ကျွမ်းကျင်သူများအနေဖြင့် လက်ရှိအချိန်တွင် မြေပြုပြင်ခြင်း၊ စိုက်မြောင်းများဖော်ခြင်း၊ မျိုးစေ့များ ထည့်ခြင်းတို့ဆောင်ရွက်လျက်ရှိပြီး မိုးရာသီလွန်ကာလ အစောပိုင်း ဖရဲစိုက်​တောင်သူ များအနေဖြင့် အပင်ခေါင်ညွန့်ဖြတ်ခြင်း အသီးရွေးချယ်ချန်ခြင်း တို့ကိုဆောင်ရွက်လျက်သော စိုက်ခင်းများကို ယခုကတည်းက ခင်းပြတ်စနစ်ဖြင့် ကြိုတင်ဝယ်ယူလျက်ရှိသည် အသီးဖမ်းပြီးသား အခင်းတွေကြတော့ ထူးထူးထွေထွေ ဘာမှသိပ်မလုပ်ရ တော့ဘူးလေ အပင်ကို အစာကျွေးတာ ရေသွင်းပေးတာလောက် ပဲရှိတော့တယ် ကြိုတင်ဝယ်ယူကြတဲ့ အပိုင်းမှာကတော့ စိုက်ဧကအပေါ် မူတည်ပြီး ကျပ်သိန်း ၄၀ ကနေ သိန်း ၁၀၀ ကျော်အထိပေါက်စျေး ရှိပါတယ်ဟု ဖရဲလုပ်ငန်းတွင်ပါ ဝင်လုပ်ကိုင်နေသူ ဦးသန်းထွန်းက ပြောသည်။

ဖရဲစိုက်ပျိုးသူများအနေဖြင့် ပြည်တွင်းစျေးကွက်ထက် တရုတ်နိုင်ငံစျေးကွက်ကို အဓိကအားထား ကြသည်ဖြစ်ရာ ကိုဗစ်ကာလ ခရီးသွားလာရေးသာအဆင်ပြေ မည်ဆိုလျှင် စျေးကွက် ကောင်းမွန် နိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။

ဆု(ပြန်/ဆက်)