နဂါးမောက်ပင်ကို ကျောက်ထု၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုး

ကျောက်ထု နိုဝင်ဘာ ၁၇

မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ စိုက်ပျိုးရေးရုံး‌ရေးရှိခြံဝိုင်းအတွင်း သိပ္ပံနည်းကျဖြင့် နဂါးမောက်ပင်များ စမ်းသပ်စိုက်ပျိုးကြရာတွင် အပင်များ အောင်မြင်ဖြစ်ထွန်းပြီး နဂါး မောက်သီးများ စတင်ဆွတ်ခူး ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

နဂါးမောက်သီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်သောသီးနှံဖြစ်သည်ဟု ယုံကြည်ကြပြီး ဒေသခံများ နှစ်သက်သည့် သီးနှံဖြစ်ကာ ဝယ်ယူစာသုံးမှုရှိသည်နှင့်စပ်လျဉ်း၍ “ နဂါးမောက်ပင်ကို ၄ ပေခြား ကျင်းတူးပြီး စိုက်ပျိုးပါတယ်၊ မြေသြဇာအနေနဲ့တော့ သဘာဝမြေသြဇာကိုသာသုံးပါတယ်၊ တစ်နှစ် အကြာမှာ နဂါးမောက်သီး များကို စတင်ဆွတ်ခူး နိုင်ပါတယ်၊ စိုက်ပျိုးလိုသူများကိုလည်း ပညာပေး ဆွေးနွေးလျက်ရှိပါတယ်” ဟု ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်မြင့်က ပြောသည်။

ဒေသထွက် နဂါးမောက်သီးများအနက် နဂါးမောက်အနီသီး၊ နဂါးမောက်အဖြူသီးဟူ၍ နှစ်မျိုးရှိကာ အလုံးအကြီးအသေးပေါ် မူတည်၍ ရောင်းချကြောင်းနှင့် အရွယ်တော် နဂါး မောက်သီးတစ်လုံးကို ၅၀၀ ကျပ်နှုန်း ဖြင့် ရောင်းချကြကြောင်း သိရသည်။

မောဟေမာန် (ပြန်ဆက်)