ပိုင်ကျုံ နို၀င်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ နောင်ခလုံး ကျေးရွာနှင့်ထန်းတပင်ကျေးရွာ အုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀) ကျပ်နှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းတွင် တာ၀န်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံပေး အပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ပိုင်ကျုံမြို့ နောင်ခလုံး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာ၀န်ရှိသူများက နောင်ခလုံးကျေးရွာ အတွင်းရှိ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်း စား အိမ်ထောင်စု (၈၅)စုအတွက် အိမ်ထောင်စုတစ်စုလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၇၀၀၀၀၀)ကျပ်နှင့် ထန်းတပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာ၀န်ရှိသူများက ထန်းတပင်ကျေးရွာအုပ်စု အတွင်းရှိ ပုံမှန်၀င်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စု (၁၁၆) စုအတွက် အိမ်ထောင်စုတစ်စုလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၂၃၂၀၀၀၀)ကျပ် အားပြည်သူများ၏ လက်၀ယ် အရောက်လိုက် လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့အတွင်း၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော် အစိုးရမှ ထောက်ပံပေးအပ်သော ထောက်ပံ့ငွေများကို တာ၀န်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ် လျက်ရှိပြီး မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃၂)အုပ်စုအတွင်းတွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၅၁၂၄)စုရှိကြောင်း ပိုင်ကျုံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှ သိရသည်။
မြို့နယ် (ပြန်/ဆက်)