ကျောက်ပန်းတောင်း၊ နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာအုပ်စုများမှ စာရေးဝန်ထမ်း(၁၂၁)ဦးအတွက်၊ တစ်ဦးလျှင်ငွေ ကျပ်(၇၂၀၀၀) ဖြင့် စုစုပေါင်းငွေကျပ်(၈၇၁၂၀၀၀)ကို၊ နိုဝင်ဘာ(၁၆) ရက်နေ့ နံနက်(၁၀)နာရီ က အဆိုပါရုံးရှိ စကားဝါခန်းမတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာ အုပ်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး များ အဖြစ် ရုံးပိတ်ရက်များတွင်ပါ တာဝန်ထမ်းဆောင်ခဲ့ကြသည့် စာရေးဝန်ထမ်းများအား တစ်ရက်လျှင်ငွေကျပ်(၄၈၀၀)ဖြင့် (၁၅)ရက်စာအတွက်၊ တစ်ဦးလျှင်ငွေကျပ်(၇၂၀၀၀)ကို လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပြီး၊ အဆိုပါပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင် က ထောက်ပံ့ပေးအပ်ရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားပြီး၊ စာရေးဝန်ထမ်း များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ် တို့က ထောက်ပံ့ ချီးမြှင့်ငွေများ လွှဲပြောင်းပေး အပ်ခဲ့ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)