လှိုင်းဘွဲ နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ရောဂါ ကုသရေးဌာန ဒဂုံမြို့သစ်တောင်ပိုင်းတွင် သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ တိုက်နယ် ဆေးရုံနှင့် ရှမ်းရွာသစ်တိုက်နယ်ဆေးရုံမှ သူနာပြုဆရာမ(၂)ဦး ပြန်လည်ရောက်ရှိလာသည့် အတွက် ကြိုဆိုဂုဏ်ပြုပွဲကို ယမန်နေ့က လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ကြိုဆိုဂုဏ်ပြု ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သော မြိုင်ကြီးငူတိုက် နယ်ဆေးရုံမှ အထက်တန်းသူနာပြုဆရာမ နန်းချစ်ယုဇော်နှင့် ရှမ်းရွာသစ်တိုက်နယ်ဆေးရုံမှ အထက်တန်းသူနာပြုဆရာမ နော်မိမိပျိုတို့ (၂)ဦးသည် စက်တင်ဘာလ(၃၀)ရက်နေ့တွင် ရန်ကုန်မြို့ ကိုဗစ် - ၁၉ ရောဂါ ကုသရေးဌာန ဒဂုံမြို့သစ်တောင်ပိုင်းတွင် တာဝန်ထမ်းဆောင်ပြီး နိုဝင်ဘာလ(၁၀)ရက်နေ့တွင် ဘားအံမြို့သို့ ရောက်ရှိပြီး သီးသန့်ဆောင်တွင် နေထိုင်ပြီး ကျန်းမာရေးစစ်ဆေးမှုများ ခံယူကာ နိုဝင်ဘာလ(၁၆)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်သို့ ပြန်လည် ရောက်ရှိ လာသဖြင့် လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာမျိုးဇော်နှင့် ကျန်းမာရေးဝန်ထမ်းများက ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)