စစ်ကိုင်း ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ကြီးကြပ်မှုနှင့်အတူ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်း(၄/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နေမျိုးပိုင်က မိမိတို့ဌာနအနေဖြင့် ပြည်သူများ အသိပညာ၊ အတတ်ပညာများရရှိစေရန် စာအုပ်/ စာစောင်များအခမဲ့ငှားရမ်းခြင်း၊ ယခုလိုအတတ်ပညာများရရှိစေရန် သင်တန်းများဖွင့်လှစ်ပေးခြင်းတို့ ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကွန်ပျူတာပညာရပ်ဟာ အလွန်အရေးပါတဲ့ပညာ ရပ်ဖြစ်ပြီး မိမိတို့ရဲ့ ရုံးဌာနလုပ်ငန်းများ ဆောင်ရွက်ကြတဲ့အခါမှာ လျှင်မြန်ပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ကြမှာဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းပြီးဆုံးတဲ့အခါ မှာ ဆက်လက်လေ့လာသင်ယူသွားကြပါလို့ အထူးမှာကြားလိုကြောင်း ဆွေးနွေးပြောကြားပြီး သင်တန်းနည်းပညာဆရာအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ကိုလည်းကောင်း၊ သင်တန်းသား/ သင်တန်းသူ များအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း ပေးအပ်ရာ နည်းပြဆရာနှင့် သင်တန်းသူတစ် ဦးတို့က လက်ခံပေးခဲ့ကြသည်။
အဆိုပါသင်တန်းကို တစ်လကြာသင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ (၉)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်