ကော့ကရိတ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ကော့ကရိတ် နိုဝင်ဘာ ၁၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေး ကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ တစ်ဖက်တစ်လှမ်းမှ အထောက်အကူ ဖြစ်စေရေးအတွက် နိုင်ငံတော်မှ တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့် (စတုတ္ထအကြိမ်) ထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်(၇)ရက်ကွက်   အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးရာတွင် ကရင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းနုနှင့်တာဝန်ရှိသူများက မြို့ပေါ်(၇)ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၃၁၂၄) စုအတွက် အိမ်ထောင်စုတစ်စုလျှင် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ( ၆၂၄၈၀၀၀၀) ကို ပြည်သူများထံသို့ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)