ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သော အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ပန်းဘဲတန်း နိုဝင်ဘာ ၁၇ 


ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သော အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ပန်းဘဲတန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ကျော်ညွန့်က အမှာစကား ပြောကြား ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲရုံ (၂၆) ရုံ၌ တာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင် (၂၆)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ခဲ့ ကြောင်း သိရသည်။
နေခြည် (ပြန်/ဆက်)