ရှမ်းရွာသစ် နိုဝင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန် ပုံငွေများဖြင့် မြို့သန့်ရှင်း သာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီး ရေလာကောင်းမွန် စေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂)ရပ်ကွက်ရှိ၊ ဇီဇဝါလမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းကို နိုဝင်ဘာလဒုတိယပတ်မှစ၍ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
အဆိုပါ အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ် စံချိန် စံညွှန်းပြည့်မီ ရေးအတွက် အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ အရှည် (၆၄၀)ပေ၊ အကျယ်(၂)ပေနှင့် ထုထည်အမြင့် (၂)ပေဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၂.၄၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဇင်လေး (ပြန်/ဆက်)